/
Our Office
35-87 Lower Kyeemyindyne St, SAD Office Compound, Ahlone Tsp, Yangon, Myanmar.
Office Time
Mon - Sat 9.00 - 17.00
Call Us
09268002226

OHS Training - ASTI Myanmar Workshop

📢 အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာကျင်းပပြီးစီးကြောင်း သတင်းထုတ်ပြန်ချက်
“လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် ထိရောက်သော ခြေလှမ်းသစ်”
(OHS Training - ASTI Myanmar Workshop)
လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဝန်ထမ်းထု၏ ကျန်းမာရေးစောင့်ရှောက်မှု (Occupational Health and Safety - OHS) ဆိုသည်မှာ မည်သည့်အဖွဲအစည်း၊ မည်သည့်လုပ်ငန်းကဏ္ဍတွင်မဆို မရှိမဖြစ်လိုအပ်သော အခြေခံအုတ်မြစ်ကြီးတစ်ခု ဖြစ်ပါသည်။
၂၀၂၆ ခုနှစ်၊ မေလ (၂၁) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည့် ASTI Myanmar Workshop တွင် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးဆိုင်ရာ နိုင်ငံတကာစံချိန်စံညွှန်းများ၊ လက်တွေ့အသုံးချနိုင်မည့် မဟာဗျူဟာမြောက် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်ပတ်ဝန်းကျင် တစ်ရပ်ဖန်တီးတည်ဆောက်ရေး စသည့် အရေးကြီးအကြောင်းအရာများကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ အသေးစိတ် လမ်းညွှန်ဆွေးနွေး မျှဝေခဲ့ကြပါသည်။
✨ Workshop ၏ အဓိကဦးတည်ချက်နှင့် ဆွေးနွေးချက်များ -
ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ - လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များကို ကြိုတင်မြော်တွေး ဆန်းစစ်ပြီး ထိရောက်စွာ ကာကွယ်တားဆီးနိုင်မည့် နည်းစနစ်များ။
မူဝါဒများ စနစ်တကျချမှတ်ခြင်း - နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းခွင် ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ (OHS Policy) မူဝါဒများ ရေးဆွဲချမှတ်ခြင်း။
စံပြလုပ်ငန်းခွင် ပတ်ဝန်းကျင် တည်ဆောက်ခြင်း - ရေရှည်တည်တံ့ပြီး စိတ်အေးချမ်းသာစွာ လုပ်ကိုင်နိုင်မည့် စံပြလုပ်ငန်းခွင်ပတ်ဝန်းကျင် (Sustainable & Safe Environment) ဖော်ဆောင်ခြင်း။
ယခုအလုပ်ရုံဆွေးနွေးပွဲသည် တက်ရောက်လာကြသူများ၏ တက်ကြွလှုပ်ရှားစွာ ပါဝင်မေးမြန်းဆွေးနွေးမှုများ၊ အဖိုးတန်အတွေ့အကြုံများ ဖလှယ်မှုများနှင့်အတူ အလွန်ပင် အနှစ်သာရရှိရှိနှင့် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
သိုဖြစ်ပါ၍ ယခုပွဲဖြစ်မြောက်ရေးအတွက် ဘက်စုံမှ ပံ့ပိုးကူညီပေးခဲ့ကြသူများ၊ အဖိုးတန်အချိန်များကို ပေးဆပ်၍ တက်ရောက်ခဲ့ကြသော လုပ်ငန်းရှင်များနှင့် Professional များ၊ အထူးသဖြင့် ဒေသတွင်း ထောက်ပံ့ပိုဆောင်ရေးကဏ္ဍ (Logistics Sector) မှ တာဝန်ရှိသူများနှင့် MIFFA အဖွဲဝင် မိတ်ဆွေများအားလုံးကို အထူးပင် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်းနှင့် လှိက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း သတင်းပါးအပ်ပါသည်။
#MIFFA #ASTIMyanmar #OHSTraining #WorkplaceSafety #LogisticsMyanmar #OccupationalHealthAndSafety

Go Back
2026-05-29

Activities Photo

Newsletter

Rebum labore lorem dolores kasd est, et ipsum amet et at kasd, ipsum sea tempor magna tempor. Accu kasd sed ea duo ipsum. Dolor duo eirmod sea justo no lorem est diam

© All Rights Reserved By MLI (MIFFA) 2026