Our Office
35-87 Lower Kyeemyindyne St, SAD Office Compound, Ahlone Tsp, Yangon, Myanmar.
Office Time
Mon - Sat 9.00 - 17.00
Call Us
09268002226

"BUSINESS CONTINUITY MANAGEMENT SYSTEM”

အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ ဘဲဖြစ်ဖြစ်၊ ကော်ပရေးရှင်းအဆင့် စီးပွားရေးလုပ်ငန်းကြီးများဘဲ ဖြစ်ဖြစ်၊ ကြိုတင် မျှော်မှန်းလို့မရတဲ့ သဘာဝဘေးအန္တာရာယ်တွေ၊ အဓိကအားထားရာ နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းမှုတွေ၊ မှားယွင်းမှုကြောင့် ဖြစ်တဲ့ မတော်တဆမှုတွေကြောင့် လုပ်ငန်းတွေရပ်သွားနိုင်လောက်တဲ့ အထိ ဖြစ်သွားနိုင်ပါတယ်။

လတ်တလောကြုံတွေ့ခဲ့ရတဲ့၊ မိုက်ကရိုဆော့ရဲ့ ပရိုဂရမ် တစ်ခုကြောင့် Logistics & Supply Chain နှင့် ဆက်စပ်တဲ့လုပ်ငန်းတွေ Shipping Line တွေရဲ့လုပ်ငန်းတွေ Airline တွေနဲ့ Airport တွေပါ ထိခိုက်ပြီး လုံးဝ ရပ်တန့်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ပင်လယ်နီ တစ်ဝိုက်ဖြစ်နေတဲ့ အနေအထားကြောင့် ကုန်သေတ္တာဖြင့် ကုန်စည်သည်ဆောင်ခတွေ ကိုဗစ်ကာလ တုန်းကလို ပေ ၄၀ တစ်လုံးကို အာရှ ဥရောပ လမ်းကြောင်းမှာ USD သောင်းချီပေးနေရပါတယ်။ ဒါ့အပြင် ခရီးလမ်းကြောင်းမှ ပိုကြာတာတွေ၊ လိုအပ်တာထက် ပိုဖြစ်လာတော့ Logistics & Supply Chain နှင့် ဆက်စပ်တဲ့လုပ်ငန်းတွေ အကုန်ထိခိုက်လာပါတယ်။

နိုင်ငံတကာ မှာလဲ ကိုယ့်လုပ်ငန်းကို ရပ်တန့်စေနိုင်တဲ့ ဖြစ်စဉ်တွေ ရှိုနိုင်သလို၊ ကိုယ့်လုပ်ငန်း အခြေစိုက်ရာ ဒေသတွင်းမှာလည်း အထက်က ဆိုခဲ့တဲ့ ဖြစ်စဉ်တွေ အချိန်မရွေးဖြစ်လာနိုင်ပါတယ်။ ဖြစ်လာခဲ့ရင် မပြင်မဆင်ဘဲ နဲ့ ရင်ဆိုင်ကြမလား (သို့) စနစ်တစ်ခု ကို အခြေခံထားတဲ့ Management System တစ်ခုနဲ့ ရင်ဆိုင်ကြမလား လို့ ဆိုရင်… Management System တစ်ခုနဲ့ ကြိုတင်ပြင်ဆင်ထားခြင်းက အနည်းဆုံး ကိုယ့်ကိုကိုယ် ယုံကြည်မှု ခွန်အားတစ်ခု ရစေနိုင်သလို… စဉ်းစား ဆုံးဖြတ်ရန်လည်း များစွာ အထောက်အကူ ဖြစ်စေမှာပါ…

ယခုမိတ်ဆက်ပေးမယ့် Business Continuation Management System ကတော့ ဖြစ်လာနိုင်တဲ့ အနေအထား မျိုးစုံ၊ ဖြစ်စဉ် ပေါင်းစုံကြောင့် ကိုယ့်လုပ်ငန်းကို ကြီးကြီးမားမား မထိခိုက်အောင် ကြိုတင်ပြင်ဆင် အောင်ပွဲဝင်စေမယ့် Management System တစ်ခု ဖြစ်ပါတယ်။

ASEAN Freight Forwarder Association (AFFA) က အာဆီနိုင်ငံအသီးသီးက Freight Forwarder နဲ့ Logistics Provider တွေအတွက် ရည်ရွယ်ပြီး Business Continuation Management System သင်တန်း အဖြစ် မျှဝေခဲ့တာဖြစ်ပြီး၊ Myanmar International Freight Forwarder Association က ထပ်ဆင့်၍ AFFA Master Trainers များနဲ့ မျှဝေမှာ ဖြစ်တဲ့ အပြင်၊ Workshop ပုံစံဖြစ်လို့၊ Brain Storming Section များ ပါဝင်ပြီး၊ သင်တန်းပြီးဆုံးလျင် ကိုယ်တိုင်ပါဝင် ပြင်ဆင်ထားတဲ လက်တွေ့နဲ့ နီးစပ်တဲ့ Business Continuation Management System တစ်ခုလည်း ရရှိသွားနိုင်ပါတယ်။

Business Continuation Management System သင်တန်း ကို Workshop ပုံစံ နဲ့ ဖြန့်ဝေမှာဖြစ်ပြီး၊ တစ်ရက် ၆ နာရီ နဲ့ လေးရက် ကြာမြင့်မှာဖြစ်ပါတယ်။ AFFA Master Trainer များ မှ သင်ကြားပေးမှာ ဖြစ်ပါတယ်။

 

Business Continuation Management System သင်တန်း ကို တက်သင့်သူများကတော့ Freight Forwarding နဲ့ Logistics ကုမ္ပဏီများကို ဦးဆောင်နေသူများသာမက၊ လုပ်ငန်းအသီးသီးမှ Management Level ဖြင့် ဦးဆောင်နေသူများ ဖြစ်ပါတယ်။

ကြိုတင်စာရင်းပေးထားရန်လိုအပ်ပြီး၊ သင်တန်း အပတ်စဉ် တစ်ခုလျင် သင်တန်းသား ၄၀ သာ လက်ခံမှာ ဖြစ်ပါတယ်။ သင်တန်းကြေးနှင့် သင်တန်း ကျင်းပမည့် နေရာကို လာမည့် အပတ်တွင် ထပ်မံ ကြေငြာပေးမှာ ဖြစ်ပါတယ်။

Go Back
2024-08-25

Activities Photo

Get In Touch
35-87 Lower Kyeemyindyne St, SAD Office Compound, Ahlone Tsp, Yangon, Myanmar.
09268002226
info@miffa.org
Newsletter

Rebum labore lorem dolores kasd est, et ipsum amet et at kasd, ipsum sea tempor magna tempor. Accu kasd sed ea duo ipsum. Dolor duo eirmod sea justo no lorem est diam

© All Rights Reserved By MLI (MIFFA) 2024