/
Our Office
35-87 Lower Kyeemyindyne St, SAD Office Compound, Ahlone Tsp, Yangon, Myanmar.
Office Time
Mon - Sat 9.00 - 17.00
Call Us
09268002226

ADR Training in Bangkok

📢 သင်တန်းအောင်မြင်စွာပြီးမြောက်ကြောင်း ဂုဏ်ပြုမှတ်တမ်းတင်ခြင်း
🇲🇲 MIFFA (Myanmar International Freight Forwarders Association) ၏ အစီအစဉ်ဖြင့် စိစစ်ရွေးချယ်စေလွှတ်ခဲ့သော သင်တန်းသား/သူများသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုရှိ Hotel Nikko တွင် မေလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ (၅) ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် ADR Training Program ကို အောင်မြင်စွာ တက်ရောက်ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးကြေညာအပ်ပါသည်။
ယခုသင်တန်းကို ASEAN Logistics Institute (ALI) ၏ စနစ်တကျ စီစဉ်မှုဖြင့် ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ဒေသတွင်း ထောက်ပံ့ပိုဆောင်ရေး (Logistics) ကဏ္ဍ ဘေးကင်းလုံခြုံရေးအတွက် မရှိမဖြစ်လိုအပ်သည့် အသိပညာများနှင့် နိုင်ငံတကာစံချိန်စံညွှန်းများကို ထိရောက်စွာ မျှဝေပေးနိုင်ခဲ့သည့်အတွက် MIFFA အနေဖြင့် များစွာဂုဏ်ယူမိပါသည်။
ခက်ခဲနက်နဲသည့် ဘာသာရပ်ဖြစ်သော်လည်း သင်တန်းကာလတစ်ခုလုံးတွင် အချိန်ပြည့် စိတ်ဝင်တစားဖြင့် ကြိုးစားအားထုတ်ခဲ့ကြပြီး၊ ထူးချွန်စွာ အောင်မြင်ကာ "Master Trainers Certificates" ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူနိုင်ခဲ့ကြသည့် သင်တန်းသား/သူ တစ်ဦးချင်းစီတိုင်းကို MIFFA မှ အထူးပင် မှတ်တမ်းတင် ဂုဏ်ယူစွဲမှတ်ပါကြောင်းနှင့် လှိက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း သတင်းပါးအပ်ပါသည်။
#MIFFA #ASEANLogisticsInstitute #ALI #ADRTraining #LogisticsMyanmar #MasterTrainers #SuccessInBangkok

Go Back
2026-05-29

Activities Photo

Newsletter

Rebum labore lorem dolores kasd est, et ipsum amet et at kasd, ipsum sea tempor magna tempor. Accu kasd sed ea duo ipsum. Dolor duo eirmod sea justo no lorem est diam

© All Rights Reserved By MLI (MIFFA) 2026